Showing posts with label သမ္မာကျမ်းစာ(သို့)နှုတ်ကပတ်တော်. Show all posts
Showing posts with label သမ္မာကျမ်းစာ(သို့)နှုတ်ကပတ်တော်. Show all posts

Tuesday, April 6, 2010

သမ္မာကျမ်းစာ(သို့)နှုတ်ကပတ်တော်


သမ္မာကျမ်းစာသည်ဝတ္တုတစ်အုပ်သာဖြစ်တယ်ဆိုပါတော့ ပညာပေးအလိမ္မာတွအများကြီးရှိတယ်။သမ္မာ ကျမ်းစာဟာ ရှေးအကျဆုံးသမိုင်းနှင့် ကမ္ဘာပေါ်တွင် ရောင်းအကောင်းဆုံးစာအုပ်ဖြစ်ပါတယ်။ဒေါက်တာတွေ၊ရှင် ဘုရင်တွေ၊တံငါသည်တွေစစ်ဗိုလ်ချုပ်တွေ စသဖြင့်လူတန်းစားပေါင်းစုံက ရေးဖွဲ့ကြသည်။သမ္မာကျမ်းစာသည် လူတစ်ယောက်အနေနဲ့ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။


သမ္မာကျမ်းစာ။ ။သမ္မာကျမ်းစာသည် အသက်ရှင်သော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်တယ်။

(ယောဟန်၁း၁။၁ယော၁း၂၊၄)


သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတဲ့စကားဖြစ်တယ်။(၂တိ၃း၁၆)


သမ္မာကျမ်းစာကိုထပ်ဖြည့်ခြင်း၊နှုတ်ဖယ်ခြင်းမပြုရ။(ယော၁၀း၃၅။ဗျာ၂၂း၁၈၊၁၉)


သခင်ယေရှု၌ဘာအပြစ်မှမရှိပါ။ဒါကြောင့်နှုတ်ကပတ်တော်၌အမှားအယွင်းလုံးဝမရှိပါ။

(မဿဲ၂၆း၉၅။၂၇း၂၃၊၂၄)


ခရစ်တော်မတိုင်မှီ၁၄ရာစုခန့်၌ကျွန်ုပ်တို့၏ သမ္မာကျမ်းစာသည် သိနာသဲကန္တာရတွင် အစပျိုးခဲ့သည်။သစ်ပင်မဲ့ ပြီးခြောက်သွေ့သော အရပ်တွင် ဘုရားသခင်က အဲဂုတ္တု၏မင်းသားဖြစ်ခဲ့သည့် မောရှေကို မိန့်တော်မူခဲ့၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည်မှင်တံကိုယူပြီး ကျမ်စာ၏ပထမဦးဆုံးသောကျမ်းငါးစောင်ဖြစ် သည့်ကမ္ဘာဦးကျမ်းမှတရားဟောရာကျမ်းအထိရေးသားခဲ့သည်။နောင်နှစ်ပေါင်း(၁၅၀၀)ကျော်ကြာသည့်အချိန် ၌သန့်ရှင်းမြင့်မြတ်သောကျမ်းကို လေပြင်းတိုက်ခတ်သည့်မြေထဲပင်လယ်ရှိ ကျွန်းတစ်ကျွန်းပေါ်၌တဦးတည်း နေရသော ရှင်ယောဟန်ကရေးသားပြုစုသောကျမ်းနှင့်အဆုံးသတ်ခဲ့သည်။ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းပေါင်း၆၆အုပ်ရှိသည်။ရာစုနှစ်ပေါင်းများစွာ စာရေးသူအယောက်(၄၀)ခန့်က ဘ၀နောက်ခံအမျိုးမျိုးမှရေး သားပုံ ရေးသားနည်း အဖုံဖုံဖြင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖွင့်ဟပေးသူများအဖြစ် အသုံးတော်ခံခဲ့ကြ သည်။ဒီလို အချိန်ကာလအမျိုးမျိုး၊နဂိုစွမ်းရည် အဖုံဖုံဖြင့် ရေးသားပြုစုခဲ့သော်လည်း ထွက်ပေါ်လာသောလက် ရာများသည် အလွန်ပင်အံ့သြဖွယ်ကောင်းသော သမိုင်းဆိုင်ရာ၊ဓမ္မကြောင်းဆိုင်ရာ၊ ပထ၀ီဆိုင်ရာ၊အကြောင်းရာ ဆိုင်ရာနှင့်အတ္ထုပ္ပတ္တိဆိုင်ရာဖွဲ့စည်းပုံ၏ညီညွတ်မှုဖော်ဆောင်ထားသည်ကိုတွေ့မြင်ရ၏။(အသက်တာသစ်သို့ လမ်းညွှန်စာအုပ်မှကောက်နှုတ်ချက်)ဒါကြောင့်သမ္မာကျမ်းစာသည်နည်းမျိုးစုံ၊ရှူးထောင့်မျိုးစုံနှင့်သမိုင်းပညာရှင် များ၊သိပ္ပံပညာရှင်များက အကြိမ်ပေါင်းများစွာ၊စလုံးတစ်လုံးချင်းစစ်ဆေးခဲ့သော်လည်းအမှားအယွင်းလုံးဝမရှိပါ။ (လုကာ၁း၃၊၄)နှုတ်ကပတ်တော်သည်အကျိုးမရှိဘဲ အထံတော်သို့မပြန်။(ဟေရှာ၅၅း၁၀)ကောင်းကင်နှင့်မြေ ကြီးမတည်သော်လည်း ငါ့စကားတည်မည်။(မဿဲ၂၄း၃၅)ငါအမှန်အကန်ဆိုသည်ကား...ကောင်းကင်နှင့်မြေ ကြီးမပျက်စီးမှီတိုင်အောင် ပညတ္တိကျမ်း၌အငယ်ဆုံးသောဗိန္တုတစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မှီမပျက်စီးရ။ (မဿဲ၅း၁၇၊၁၈)သခင်ယေရှုသည်အောင်မြင်သောနှုတ်ကပတ်တော်ဖြစ်သည်။(ဗျာ၁၉း၁၃၊၁၆)ငါမလာမှီတိုင် အောင်ကျမ်းစာကို ဖတ်ခြင်း၊တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမသြ၀ါဒပေးခြင်းကို ကြိုးစား၍ပြုကြလော့။(၁တိ၎း ၁၃)


မှတ်ချက်။ ။နှုတ်ကပတ်တော်ကို ၀ယ်ရမည်။မရောင်းရ။(သုတ္တံ၂၃း၂၃)


နှုတ်ကပတ်တော်ကို လည်ပင်း၌ဆွဲရမည်။(သုတ္တံ၁း၉)


တချိန်လုံးပြောရမည်။အိမ်တံခါး၊မြို့တံခါး၌ရေးရမည်။(တရား၆း၇၊၉)


နေ့ည မပြတ်ဆင်ခြင်ရမည်။(ဆာ၁း၂)


နေည မပြတ်ကြည့်ရှုဖတ်ရွက်ရမည်။(ယောရှု၁း၈)


(နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။(ဆာလံ၁၁၉း၁၀၅)


ပိုမိုသိရှိချင်ရင် သမ္မာကျမ်းစာကို သင်ကိုယ်တိုင်လေ့လာပါ။


သင်တို့ နားထောင် နားလည်ကြလော့။(မဿဲ၁၅း၁၀)


ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။(မဿဲ၁၃း၉၊၄၃)





ခရစ်တော်၏နာမတော်မြတ်၌

ဒေးဗစ်ချိုလင်းတန်း