Saturday, May 29, 2010

မေတ္တာ




တရုတ် သူဌေးကြီး တစ်ယောက်က ကမ္ဘာမှာ အလွန် နာမည်ကြီးတဲ့ ရုပ်ရှင်ကားကြီးတွေ
ကို ငွေကုန် ကြေးကျ ခံပြီး ၀ယ်ယူကြည့်ရှုတတ် သူဖြစ်သည်။မင်းသားက ဘယ်လောက်
တော်လို့၊ဇာတ်လမ်းရော ဘယ်လောက်ကောင်းလို့ ဒီလောက် နာမည်ကြီးတာလဲ ဆိုတာ
သိချင်တဲ့လူဖြစ်တယ်။သူသည် မိရိုးဖလာ တရုတ်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။

တစ်နေ့တော့ သူက ယေရှု...ယေရှု လို့လူအများပြောသံ ကိုကြားနေသည်။ဒီလောက် လူတွေ
ပြောတဲ့ ယေရှုက ဘယ်လိုလူစားမျိုးလဲ...ဆိုပြီး သူဈေးကိုသွားပြီး ယေရှု ဇာတ်လမ်း ကိုလိုက်ရှာ
ဝယ်ယူတယ်တဲ့။

အိမ်ကိုပြန်ရောက်တော့ ဒီနေ့တော့ ဒီလောက်နာမည် ကြီးတဲ့ ယေရှု ဇာတ်ကားဝယ်လာတယ်။
တွေ့ကြသေးတာပေါ့ ယေရှု ရယ် ဆိုပြီး ဇာတ်လမ်း စ ပြီးပြနေသည်။ကြည့်ရင်းကြည့်ရင်း ဇာတ်
လမ်းကဆုံးလာတယ်။ယေရှုက စစ်သားတွေ လာဖမ်းတယ်။ယေရှုက ပြန်မတုံ့ပြန်ဘူး။အညံ့ ခံခဲ့တယ်။

သူအလွန် စိတ်တိုတယ်။

ယေရှုက....
၁။၁၂နှစ်ပတ်လုံး အနာစွဲသောမိန်းမ ငယ်ကို ကျမ်းမာစေ သူ။မဿဲ၉း၂၀၊၂၂လု၈း၄၃၊၄၈

၂။လက်ခြေ သေသောသူကို ပြန်ကောင်းစေသူ။မဿဲ၉း၂၊၇

၃။စကား အ သောသူကိုပြန်ပြောစေပြီး၊နားပင်းသောသူကို ပြန်ကြားစေသူ။မာကု၇း၃၁၊၃၇

၎။မျက်စိကန်းသော သူကိုပြန်မြင်စေသူ။ယောဟန်၉း၁၊၇

၅။ငါးနှစ်ကောင်နှင့် မုန့်ငါးလုံးကို လူပေါင်းများစွာ ကျွေးနိုင်သူ။မဿဲ၁၄း၁၅၊၂၁၊၁၅း၃၂၊၃၈

၆။သဘောင်္သဖန်း ပင်ကို သွေ့ခြောက်စေသူ။မဿဲ၂၁း၁၈၊၂၂မာကု၁၁း၁၂၊၁၄

၇။လေမုန်တိုင်းကို ငြိမ်းစေသူ။မဿဲ၁၄း၂၅မာကု၆း၄၈၊၅၁

၈။သေပြီးသော လာဇရု ကို ပြန်ရှင်စေသူ။ယောဟန်၁၁း၁၊၄၄

ဒီလောက် နိမိတ်လက္ခဏာတွေကိုပြနိုင်သူက ဘာဖြစ်လို့ သူကို လာဖမ်းတဲ့ စစ်သားတွေကို
ပြန်မတုံ့ပြန်တာလဲ...ဆိုပြီး သူမကျေမနပ် ဖြစ်ခဲ့တယ်။ဒီလောက်ဈေး ကြီးကြီး နဲ့ဝယ်လာတာ
အလကားပဲ....တခြားကားဝယ်ရင် ပိုကောင်းသေးတယ် ဆိုပြီး သူစိတ်ညစ်တယ်။ဒီလိုမကျေနပ်
လို့လဲ သူအကြိမ်ကြိမ်ပြန်ကြည့်တယ်တဲ့။

နောက်ဆုံးတော့ သူတရုတ်လိုထိုးထားတဲ့အောက်က စာတမ်းတွေကို သေချာ ဖတ်တယ်။ဇာတ်လမ်း
ကို လည်း သေချာကြည့်တယ်။အခုတော့ သူသဘော ပေါက်သွားပြီ။

သြော်...ယေရှု....ယေရှုက.......သူဟာ မေတ္တာနဲ့ အလုပ်လုပ်တယ်။ဒါကြောင့်လည်း သူ့ရဲ့ရန်သူတွေ
ကို ရန်မတုံ့ပြန်ဘူး။ယေရှုက မေတ္တာနှင့် အလုပ်လုပ် တဲ့ အတွက် လူတွေက ယေရှု...ယေရှု လို့ ပြော
ကြတာကိုး....မေတ္တာ နှင့် အလုပ်လုပ် လို့ ဒီလောက် ကမ္ဘာပေါ်မှာ အောင်မြင် တာကိုး...ဆိုပြီး သူနား
လည် သဘော ပေါက်သွားပြီ........




၁။ချစ်သူတို့၊ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။၁ယော၎း၇

၂။ငါသည် လူဘာသာ စကားကို၎င်း၊ကောင်းကင်တမန်ဘာသာ စကားကို၎င်း၊ပြော နိုင်သော်လည်း
မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊တီးသံကိုသာ ပေးတတ်သောလင်းကွင်း ကဲ့
သို့၎င်းဖြစ်၏။၁ကော၁၃း၁

၃။ယခုတွင် ယုံကြည်ခြင်း၊မြှော်လင့်ခြင်း၊ချစ်ခြင်း၊ဤသုံးပါး တည်ရှိ၏။ဤသုံးပါးတို့တွင် ချစ်ခြင်း
မေတ္တာ သည် အမြတ်ဆုံးဖြစ်သတည်း။၁ကော၁၃း၁၃

၎။ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့် အမျှ ချစ်လော့။မဿဲ၁၉း၁၉

၅။အချင်းချင်း ချစ်ခြင်း မေတ္တာ မှ တပါးအဘယ်အကြွေးမျှ မတင်စေနှင့်။ရောမ၁၃း၈

၆။သင်တို့၏ရန် သူကို တို့ကို ချစ် လော့။မဿဲ၅း၄၄

၇။အဆိုးအားဖြင့် အရှုံးမခံနှင့်။အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။ရောမ၁၂း၂၁

၈။ချစ်ခြင်းမေတ္တာ ကိုမှီအောင် လိုက်ကြလော့။၁ကော၁၄း၁

မှတ်ချက်။ ။မလေးရှားတွင် သူငယ်ချင်းတစ်ယောက်က သူ့သူဌေးသက်သေ
ခံချက်ကို သူကသက်သေပြန်ခံတာ ကို ကိုးကားပြီး ရှည်လျှော် အောင်ပြန်ရေးပေးတာ
ဖြစ်တယ်။ပုံပြင်တော့ မဟုတ် ဘူးနော်။
ယေရှုပြ တဲ့ အံ့သြ ဘွယ်ရာတွေ အကုန်မရေးပေးဘူး။


ခရစ်တော်၏ အမှုတော်မြတ်၌
David Cho

Sunday, May 23, 2010

ပြင်ဆင်လျက် နေကြလော့။(မဿဲ ၂၄း၄၄)




ပြင်ဆင်လျက်နေကြလော့ ဆိုတဲ့ ခရစ်တော် ပြောခဲ့တဲ့ စကားဟာ ငါတို့အ တွက်ဖြစ်သလို လူတိုင်းအတွက်လည်းဖြစ်တယ်။ဆရာပေါင်းမြောက်များစွာက ဒီအကြောင်းကို ခဏခဏ ပြော ကြတာကို ကြားပြီး သိပြီးဖြစ်ပါတယ်။ဒီအကြောင်းကို ဒီနေရာမှာ ကျွန်တော်နည်းနည်း ရေးချင်တယ်။

ခရစ်တော်ပြောခဲ့တဲ့စကားတွေဟာ အားလုံးနီးပါး ပြည့်စုံလာပါပြီ။မပြည့်စုံသေးတာ နည်းနည်းပဲ ကျန် ပါတော့တယ်။ခရစ်တော်မကြာမှီ ကြွလာတော့မယ်။တကယ်လို့များ...ခရစ်တော်ပြန်မလာရင်ကော...နင်နဲ့ငါ ပြင် ဆင်စရာလိုသလား။ဆရာတပါးကပြောခဲ့တယ်။ကျေးဇူးတော်ကာလ ဆိုတာ အတိုင်းအတာ မရှိဘူးတဲ့။ဆိုတော့ နောက်နှစ်ပေါင်း၄၀၀၀လောက်မှာလည်း ခရစ်တော်ပြန်လာနိုင်တယ်။ဒါဆိုရင် မင်းနဲ့ငါဘာ လုပ်သင့်သလဲ။

ကျွန်တော် ဘာကိုသွားသတိရသလဲ ဆိုရင် လွန်ခဲ့တဲ့၁၉၉၃က ကျွန်တော်၃တန်းသင်တဲ့ချိန်မှာ အနှစ် နှစ်ထောင်မှာ ခရစ်တော်ပြန်လာမယ် ဆိုပြီး လူတိုင်းက တရားဟောကြတယ်။သူငယ်ချင်းတစ်ယောက်က ဘာ ပြောသလဲ...ကျွန်တော်က ၃တန်းပဲရှိသေးတယ်။ခရစ်တော်ပြန်လာဖို့က(၇)နှစ်ပဲလိုတော့တယ်။ကျွန်တော်ရည်း စားတစ်ယောက်လောက် ထားပြီးရင်တော့ ခရစ်တော်ပြန်လာရင် လည်းကိစ္စမရှိပါဘူးတဲ့။သူအခုတော့ ဒီလောကမှာ မရှိတော့ဘူး။အစ်ကိုတစ်ယောက်က အနှစ် ၂၀၀၀ မှာကမ္ဘာမပျက်ရင် ကျွန်တော်ပိုက်ဆံရှာမယ်တဲ့။ခုတော့ သူ ချမ်းသာနေပြီ။

ကျွန်တော်သမ္မာကျမ်းစာကို လေ့လာတဲ့ အခါမှာ ခရစ်တော် ၂၀၀၀ မှာကွက်တိလာမယ်ဆိုတာ မတွေ့ ရပါဘူး။အနှစ်၂၀၀၀ပြည့်ရင် ကမ္ဘာမြေ ဟာ ပျက်ရိုးထုံးစံတော့ရှိတယ် လို့ ကြားဖူးတယ်။ခရစ်တော်က သူပြန် လာမယ့် အချိန်ကို (မဿဲ၂၄း၃၆)မှာ ဘယ်သူမှမသိဘူးလို့ ပြောခဲ့တယ်။သူကိုယ်တိုင်လည်း မသိဘူးတဲ့။ခ မည်းတော် တပါးပဲသိတယ်။ဒါပေမယ့်...မဿဲ၂၄ မှာသူ လာမယ့် နိမိတ်တွေ ကတော့ ပြောခဲ့တယ်။ကျွန်တော် TVတွေ၊အင်တာနက်တွေ၊ကြည့်လိုက်တဲ့အခါ ကမ္ဘာမြေကြီးဟာ ကြောက်စရာ အလွန်ကောင်းပါတယ်။ကျွန် တော်ထင်တယ် မြေကြီးဟာ နောင်လာမယ့် နှစ်ပေါင်း၃၀၀၀တော့ မခံတော့ဘူးထင်တယ်။ရေဒီယို သတင်းတွေ နားထောင်ရင်လည်း ကမ္ဘာမြေ ကျမ်းမာရေးဆိုတာ အားလုံးကြားကြမှာပါ။ဒါကတော့ ကမ္ဘာမြေ မကျမ်းမာ လို့ပေါ့။အဓိက ကျွန်တော် ဒီနေရာမှာ ပြောချင်တာကတော့ ခရစ်တော် ပြန်လာဖို့ ပြန်မလာဖို့ ဆိုတာ အရေး မကြီးဘူး။ဘာကိုအရေးကြီးသလဲ။(မဿဲ၆း၃၃)ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ခရစ်တော်ကို ပထမဦးဆုံးအရယူပါ မိတ်ဆွေ။(၁ယော၅း၁၂)မှာ သားတော်ကိုရသောသူသည် အသက်ကိုရ၏။အသက်ဆိုတဲ့ ခရစ်တော်ကို ခဗျာင်္ံးပိုင်ဆိုင်ပြီးပြီ ဆိုရင် မင်း ဘာကြောက်စရာလိုသေးသလဲ။ ရှင်ပေါလုက သေမင်းကိုစိန်ခေါ်တယ်။အိုးသေမင်း...!သင်၏လက်နက်သည် အဘယ်မှာ ရှိသနည်း?။(၁ကော ၁၅း၅၅)ဘာဖြစ်လို့ သေမင်းတောင် စိန်ခေါ်ရဲတာလဲ။(ရောမ၁၄း၈)မှာ အသက်ရှင်သည်ဖြစ်စေ၊သေသည်ဖြစ် စေ၊သခင်ဘုရား ဆိုင်တော်မူ၏။ယေရှုခရစ်တော်ကို ရရှိပြီးရင်တော့ သေသေရှင်ရှင်ကြောက်စရာ မလိုတော့ ဘူးမိတ်ဆွေ။

ဒါကြောင့်ခရစ်တော်ကို ရရှိပြီးရင်တော့ ခရစ်တော် ဘယ်အချိန်မှာပဲလာလာ...သူခိုးကဲ့သို့ပဲ လာလာ သူမမေ့ဘူး။(မဿဲ၂၅)မှာ လူ(၁၀)ယောက် အကြောင်းတွေ့ရတယ်။သူတို့က မင်္ဂလာဆောင် လုလင်လာ ဖို့ကို စောင့်နေတယ်တဲ့။(၅)ဦးကတော့ မီးခွက်ရယ် ဆီရယ်နဲ့ အဆင်သင့်ပဲ။ကျန်တဲ့(၅)ဦးကျတော့ ဘူးတော့ပါတယ် ဆီ မထည့်ဖူးတဲ့။ငါတို့လိုပေါ့။(မဿဲ၂၅း၅)မှာ (မင်္ဂလာဆောင်လုလင်သည် မလာပဲနေစဉ်၊ထိုသတို့သမီးအပေါင်း သည် ငိုက်၍ အိပ်ပျော်ကြ၏)။ဒီနေရာမှာ မင်္ဂလာဆောင် လုလင် ကြာလာလို့ စောင့်နေတဲ့ လူတွေဟာ ငိုက်မြည်းအိပ်ပျော်ကြ၏တဲ့။ဒီအချက်လေးဟာ ခရစ်ယာန် အားလုံးမှာပြည့်စုံနေတယ်။ဘယ်သူကမှ ခရစ်တော် ကို ဂရုမစိုက်တော့ဘူး။လူတွေ အားလုံး ငိုက်မြည်းကုန်ပြီ။မင်းနဲ့ငါ အဆင်သင့်ဖြစ်ကြစို့။

ခုချိန် အိန္ဒယ မှာ မယ်တော်လားဘာလား။အရမ်းခေတ်စားတယ် မဟုတ်လား။အီးမေးထဲခဏ ခဏ ရောက်လာတယ်။ဒီထက်ဆိုးတဲ့ သတင်းတွေ(မဿဲ၂၄း၂၅)မှာ (ထိုအကြောင်းအရာတွေ ငါပြောနှင့်ပြီ) လို့ ခ ရစ်တော်ကပြောနှင့်ပြီ။ခရစ်တော်ဟာ တံခါးဝ တိုင်အောင် အနီးသို့ရောက်လာပါပြီ။ကျွန်တော်မှအစ ခဗျာင်္းအထိ ရွှေငွေတွေနဲ့ပဲ နပန်းလုံးနေတယ်နော။လူအများစုကတော့ ငရဲပြည်ဘက်ကိုပဲ ခြေလှမ်း လှမ်းကုန်ကြတယ်။ ခရစ်တော်အကြောင်းဘယ်သူမှ မကြားချင်တော့ဘူး။အလွန်ဝမ်းနည်းစရာ ကောင်းတယ်။ငါတို့စောင့်နေတဲ့ ခရစ် တော်က လည်းကြာလို့လား လူတွေ ငိုက်မြည်းကုန်ပြီ။



တကယ်လို့...ခရစ်တော်မလာသေးရင်တောင်မှ မင်းနဲ့ငါ ဘယ်ချိန်သေရ မလဲ ဆိုတာ မသေချာ ဘူးလေ။(မဿဲ၂၅)ထဲက ပညာရှိတို့လို ဆီဆိုတဲ့ ယေရှုခရစ်တော်ကို အချိန်မီ ထည့်ကြစို့လား။ဒါဆိုရင် ခရစ် တော်မလာမှီ ငါတို့သေရင်လည်း ငါတို့ဟာ ခရစ်တော်နှင့် ဆိုင်တယ်။



ယခုပင် နှစ်သက်ဘွယ်သော အချိန်ရှိ၏။ယခုပင် ကယ်တင်ရာ နေ့ရက်ကာလ ရှိ၏။(၂ကော၆း၂)



နက်ဖြန်ဆိုတာ မသေချာဘူး။(သုတ္တံ၂၇း၁)



တွေ့နိုင်သည့် ကာလတွင် ထာဝရ ဘုရားကို ရှာကြလော့။(ဟေရှာ၅၅း၆)



ယခုနေ့ရက် ကာလသည် ဆိုးယုတ်သောကြေင့် ကာလအချိန်ကိုရွေး နှုတ်ကြလော့။(ဧဖက်၅း၁၆)



ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။(မဿဲ၁၃း၉၊၄၃)





ခရစ်တော်၏နာမတော်မြတ်၌

ဒေးဗစ်ချိုလင်းတန်း

ကောင်းကင်နိုင်ငံရှိ အိမ်ကြီး



ကျွန်တော်(ဗျာ၂၁)ကိုဖတ်ကြည့်တဲ့အခါ ကောင်းကင်နိုင်ငံရှိ ယုံကြည်သူများနေရမယ့် အိမ်ကြီးအ ကြောင်း ဖော်ပြထားတာတွေ့ရပါသည်။တံခါးပေါက်၊အမြင့်ပေ၊အကျယ်အ၀န်း၊ဆောက်လုပ်မည့်ပစ္စည်းတွေ စသဖြင့် အသေးစိတ်ဖေါ်ပြထားတာတွေ့ရပါတယ်။ကျောက်ကောင်းကျောက်မြတ်တွေ၊ရွှေတွေနဲ့ဆောက်လုပ် တဲ့ အိမ်ကြီးဖြစ်ပါတယ်။ထိုမြို့မှာဗိမာန်တော်ဆိုတာမရှိပါ။လျှပ်စစ်မီးတွေ၊နေ၏အလင်းရောင်၊လ၏အလင်းရောင် အလိုမရှိဘူးတဲ့။ယေရှုဘုရားဟာ ထိုမြို့၏အလင်းရောင်ဖြစ်မယ်။ထိုအိမ်ကြီးမှာ အိုခြင်း၊နာခြင်း၊သေခြင်း လုံးဝ မရှိတော့ပါ။ခရစ်တော်ကို မိမိရဲ့ကယ်တင်ပိုင်ရှင် အဖြစ်လက်ခံ ယုံကြည်သူများရဲ့ ထာဝရနေရာ ဖြစ်တယ်။ အဲဒီအိမ်ကြီးမှာ လောဘ၊ဒေါသ၊မောဟ ဆိုတာမရှိတော့ပါ။ဝမ်းနည်းကြေကွဲခြင်း၊ငိုကြွေခြင်း၊ဆာလောင်မွတ် သိတ်ခြင်းမရှိတော့ပါ။(ဗျာ၂၁း၁)မှာ ယောဟန်မြင်ရတဲ့ ကောင်းကင်သစ်နှင့်မြေကြီးသစ်ဆိုတာ ထိုမြို့ပဲဖြစ် တယ်။


တချို့သောလူတွေဟာ ထိုမြို့ကိုရောက်တဲ့အခါ မျက်ရည်ကျပြီး ငိုကြွေးမယ်တဲ့။ဘာဖြစ်လို့လဲ..? ငါထင်တယ်....တချို့ကတော့ ကျွန်တော်မျိုးတောင်မှ ဒီလိုနေရာမျိုးမှာရောက်ရှိလာပါလားဆိုပြီး ငိုမယ်။ တချို့ကျတော့ ၀မ်းသာလွန်းလို့ငိုမယ်။တချို့ကျတော့ သူ့ဆွေမျိုးတွေ မရောက်လာလို့ ငိုမယ်။ဘာကြောင့်ပဲ ငိုငို ခရစ်တော်က (ဗျာ၇း၁၇။၂၁း၎)မှာ သူတို့မျက်ရည်ရှိသမျှ ကိုသုတ်ပေးမယ်တဲ့။


ကျွန်တော်ဘာကို သွားသတိရသလဲဆိုရင် ဟိုးတခါ ကျွန်တော်မြို့ကိုသွားတယ်။အစ်ကိုက အစ်ကိုကြီး ကို စာသွားပေးခိုင်းတယ်။အစ်ကိုကြီးရဲ့ကြမ်းပြင်ဟာ မှန်နှင့်တူတယ်။ကိုယ့်ရုပ်တောင်ပြန်မြင်ရတယ်။အဲဒီအိမ် မှာ ကျွန်တော်ဝင်ပြီး စာသွားပေးတယ်။ကျွန်တော့်ခြေရာတွေကြမ်းပြင်ပေါ်မှာ ထင်ကျန်နေတယ်။အိမ်ရှင်မက အုန်းခွံနဲ့ ကျွန်တော့်နောက်ကို လိုက်သုတ်တယ်။ဘယ်လောက်ရှက်စရာ ကောင်းသလဲ။ခုထိကျွန်တော်မမေ့ သေးဘူး။နောက်တခေါက် ကျွန်တော် အဲဒီအိမ်မှာ မ၀င်ရဲတော့ဘူး။ပြောချင်တာက အဲဒီအိမ်က လူတွေက ဆောက်ပြီး လူတွေနေတဲ့ အိမ်ပဲ။ဒါပေမယ့် ကျွန်တော် မ၀င်ရဲဘူး။(၂ကော၅း၁)ကိုကြည့်လိုက်ရင် ကောင်း ကင်နိုင်ငံရှိ အိမ်ကြီးဟာ လူရဲ့လက်နဲ့ဆောက်တဲ့ အိမ်မဟုတ်ဘူး။အဲဒီအိမ်ကြီးကို


စာဖတ်သူ...မိတ်ဆွေကြီး မြင် ယောင်ကြည့်ပါ။ဘယ်လောက်ပျော်စရာကောင်းမလဲ။ကျွန်တော့် ပုဇွန် ဦးနှောက် သေးသေးလေးနဲ့ တွေးကြည့် တယ်။ကျွန်တော်တွေးရင်းနဲ့ ကြက်သီးတောင် ထလာတယ်။အဲဒီအိမ်ကြီးနဲ့ ကျွန်တော် လုံးဝမထိုက်တန်ဘူး။ ကျွန်တော် လောကမှာတောင် အိမ်ကောင်းဆိုတာ မရှိဘူး။လောကမှာ ကျွန်တော် အလုပ်တွေပြီးရင် အဲဒီအိမ် ကြီးကိုသွာတော့မယ်။


(ယောဟန်၃း၃)မှာ တချို့လူတွေကတော့ ကောင်းကင်နိုင်ငံတော်ကို ရောက်ဖို့မပြောနဲ့။မြင်တောင် မြင်ကြမှာ မဟုတ်ဘူး။ခရစ်တော်ကိုငြင်းပယ်သူတို့ဟာ(ဗျာ၁၉း၂၀)မှာ ကန့်နှင့်လောင်သောမီးအိုင်၊(မဿဲ၂၅း ၄၁)မှာ ထာဝရ မီးအိုင် ကိုပဲသွားကြမှာ။စိတ်မကောင်းစရာပဲနော။


ဘယ်သူတွေက ကောင်းကင်နိုင်ငံကိုသွားကြမလဲ...?(ယောဟန်၁၄း၆)မှာ ယေရှုခရစ်တော်က ပြော ခဲ့တယ်။(ငါသည် လမ်းခရီးဖြစ်၏။ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ)။သိုးသူငယ် ၏ အသက်စာစောင်၌ စာရင်းဝင်သော သူ သာလျှင် ၀င်ရ၏။(ဗျာ၂၁း၂၇)


ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေ။(မဿဲ၁၃း၉၊၄၃)



ခရစ်တော်၏နာမတော်မြတ်၌

ဒေးဗစ်ချိုလင်းတန်း