Sunday, May 23, 2010

ပြင်ဆင်လျက် နေကြလော့။(မဿဲ ၂၄း၄၄)




ပြင်ဆင်လျက်နေကြလော့ ဆိုတဲ့ ခရစ်တော် ပြောခဲ့တဲ့ စကားဟာ ငါတို့အ တွက်ဖြစ်သလို လူတိုင်းအတွက်လည်းဖြစ်တယ်။ဆရာပေါင်းမြောက်များစွာက ဒီအကြောင်းကို ခဏခဏ ပြော ကြတာကို ကြားပြီး သိပြီးဖြစ်ပါတယ်။ဒီအကြောင်းကို ဒီနေရာမှာ ကျွန်တော်နည်းနည်း ရေးချင်တယ်။

ခရစ်တော်ပြောခဲ့တဲ့စကားတွေဟာ အားလုံးနီးပါး ပြည့်စုံလာပါပြီ။မပြည့်စုံသေးတာ နည်းနည်းပဲ ကျန် ပါတော့တယ်။ခရစ်တော်မကြာမှီ ကြွလာတော့မယ်။တကယ်လို့များ...ခရစ်တော်ပြန်မလာရင်ကော...နင်နဲ့ငါ ပြင် ဆင်စရာလိုသလား။ဆရာတပါးကပြောခဲ့တယ်။ကျေးဇူးတော်ကာလ ဆိုတာ အတိုင်းအတာ မရှိဘူးတဲ့။ဆိုတော့ နောက်နှစ်ပေါင်း၄၀၀၀လောက်မှာလည်း ခရစ်တော်ပြန်လာနိုင်တယ်။ဒါဆိုရင် မင်းနဲ့ငါဘာ လုပ်သင့်သလဲ။

ကျွန်တော် ဘာကိုသွားသတိရသလဲ ဆိုရင် လွန်ခဲ့တဲ့၁၉၉၃က ကျွန်တော်၃တန်းသင်တဲ့ချိန်မှာ အနှစ် နှစ်ထောင်မှာ ခရစ်တော်ပြန်လာမယ် ဆိုပြီး လူတိုင်းက တရားဟောကြတယ်။သူငယ်ချင်းတစ်ယောက်က ဘာ ပြောသလဲ...ကျွန်တော်က ၃တန်းပဲရှိသေးတယ်။ခရစ်တော်ပြန်လာဖို့က(၇)နှစ်ပဲလိုတော့တယ်။ကျွန်တော်ရည်း စားတစ်ယောက်လောက် ထားပြီးရင်တော့ ခရစ်တော်ပြန်လာရင် လည်းကိစ္စမရှိပါဘူးတဲ့။သူအခုတော့ ဒီလောကမှာ မရှိတော့ဘူး။အစ်ကိုတစ်ယောက်က အနှစ် ၂၀၀၀ မှာကမ္ဘာမပျက်ရင် ကျွန်တော်ပိုက်ဆံရှာမယ်တဲ့။ခုတော့ သူ ချမ်းသာနေပြီ။

ကျွန်တော်သမ္မာကျမ်းစာကို လေ့လာတဲ့ အခါမှာ ခရစ်တော် ၂၀၀၀ မှာကွက်တိလာမယ်ဆိုတာ မတွေ့ ရပါဘူး။အနှစ်၂၀၀၀ပြည့်ရင် ကမ္ဘာမြေ ဟာ ပျက်ရိုးထုံးစံတော့ရှိတယ် လို့ ကြားဖူးတယ်။ခရစ်တော်က သူပြန် လာမယ့် အချိန်ကို (မဿဲ၂၄း၃၆)မှာ ဘယ်သူမှမသိဘူးလို့ ပြောခဲ့တယ်။သူကိုယ်တိုင်လည်း မသိဘူးတဲ့။ခ မည်းတော် တပါးပဲသိတယ်။ဒါပေမယ့်...မဿဲ၂၄ မှာသူ လာမယ့် နိမိတ်တွေ ကတော့ ပြောခဲ့တယ်။ကျွန်တော် TVတွေ၊အင်တာနက်တွေ၊ကြည့်လိုက်တဲ့အခါ ကမ္ဘာမြေကြီးဟာ ကြောက်စရာ အလွန်ကောင်းပါတယ်။ကျွန် တော်ထင်တယ် မြေကြီးဟာ နောင်လာမယ့် နှစ်ပေါင်း၃၀၀၀တော့ မခံတော့ဘူးထင်တယ်။ရေဒီယို သတင်းတွေ နားထောင်ရင်လည်း ကမ္ဘာမြေ ကျမ်းမာရေးဆိုတာ အားလုံးကြားကြမှာပါ။ဒါကတော့ ကမ္ဘာမြေ မကျမ်းမာ လို့ပေါ့။အဓိက ကျွန်တော် ဒီနေရာမှာ ပြောချင်တာကတော့ ခရစ်တော် ပြန်လာဖို့ ပြန်မလာဖို့ ဆိုတာ အရေး မကြီးဘူး။ဘာကိုအရေးကြီးသလဲ။(မဿဲ၆း၃၃)ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ခရစ်တော်ကို ပထမဦးဆုံးအရယူပါ မိတ်ဆွေ။(၁ယော၅း၁၂)မှာ သားတော်ကိုရသောသူသည် အသက်ကိုရ၏။အသက်ဆိုတဲ့ ခရစ်တော်ကို ခဗျာင်္ံးပိုင်ဆိုင်ပြီးပြီ ဆိုရင် မင်း ဘာကြောက်စရာလိုသေးသလဲ။ ရှင်ပေါလုက သေမင်းကိုစိန်ခေါ်တယ်။အိုးသေမင်း...!သင်၏လက်နက်သည် အဘယ်မှာ ရှိသနည်း?။(၁ကော ၁၅း၅၅)ဘာဖြစ်လို့ သေမင်းတောင် စိန်ခေါ်ရဲတာလဲ။(ရောမ၁၄း၈)မှာ အသက်ရှင်သည်ဖြစ်စေ၊သေသည်ဖြစ် စေ၊သခင်ဘုရား ဆိုင်တော်မူ၏။ယေရှုခရစ်တော်ကို ရရှိပြီးရင်တော့ သေသေရှင်ရှင်ကြောက်စရာ မလိုတော့ ဘူးမိတ်ဆွေ။

ဒါကြောင့်ခရစ်တော်ကို ရရှိပြီးရင်တော့ ခရစ်တော် ဘယ်အချိန်မှာပဲလာလာ...သူခိုးကဲ့သို့ပဲ လာလာ သူမမေ့ဘူး။(မဿဲ၂၅)မှာ လူ(၁၀)ယောက် အကြောင်းတွေ့ရတယ်။သူတို့က မင်္ဂလာဆောင် လုလင်လာ ဖို့ကို စောင့်နေတယ်တဲ့။(၅)ဦးကတော့ မီးခွက်ရယ် ဆီရယ်နဲ့ အဆင်သင့်ပဲ။ကျန်တဲ့(၅)ဦးကျတော့ ဘူးတော့ပါတယ် ဆီ မထည့်ဖူးတဲ့။ငါတို့လိုပေါ့။(မဿဲ၂၅း၅)မှာ (မင်္ဂလာဆောင်လုလင်သည် မလာပဲနေစဉ်၊ထိုသတို့သမီးအပေါင်း သည် ငိုက်၍ အိပ်ပျော်ကြ၏)။ဒီနေရာမှာ မင်္ဂလာဆောင် လုလင် ကြာလာလို့ စောင့်နေတဲ့ လူတွေဟာ ငိုက်မြည်းအိပ်ပျော်ကြ၏တဲ့။ဒီအချက်လေးဟာ ခရစ်ယာန် အားလုံးမှာပြည့်စုံနေတယ်။ဘယ်သူကမှ ခရစ်တော် ကို ဂရုမစိုက်တော့ဘူး။လူတွေ အားလုံး ငိုက်မြည်းကုန်ပြီ။မင်းနဲ့ငါ အဆင်သင့်ဖြစ်ကြစို့။

ခုချိန် အိန္ဒယ မှာ မယ်တော်လားဘာလား။အရမ်းခေတ်စားတယ် မဟုတ်လား။အီးမေးထဲခဏ ခဏ ရောက်လာတယ်။ဒီထက်ဆိုးတဲ့ သတင်းတွေ(မဿဲ၂၄း၂၅)မှာ (ထိုအကြောင်းအရာတွေ ငါပြောနှင့်ပြီ) လို့ ခ ရစ်တော်ကပြောနှင့်ပြီ။ခရစ်တော်ဟာ တံခါးဝ တိုင်အောင် အနီးသို့ရောက်လာပါပြီ။ကျွန်တော်မှအစ ခဗျာင်္းအထိ ရွှေငွေတွေနဲ့ပဲ နပန်းလုံးနေတယ်နော။လူအများစုကတော့ ငရဲပြည်ဘက်ကိုပဲ ခြေလှမ်း လှမ်းကုန်ကြတယ်။ ခရစ်တော်အကြောင်းဘယ်သူမှ မကြားချင်တော့ဘူး။အလွန်ဝမ်းနည်းစရာ ကောင်းတယ်။ငါတို့စောင့်နေတဲ့ ခရစ် တော်က လည်းကြာလို့လား လူတွေ ငိုက်မြည်းကုန်ပြီ။



တကယ်လို့...ခရစ်တော်မလာသေးရင်တောင်မှ မင်းနဲ့ငါ ဘယ်ချိန်သေရ မလဲ ဆိုတာ မသေချာ ဘူးလေ။(မဿဲ၂၅)ထဲက ပညာရှိတို့လို ဆီဆိုတဲ့ ယေရှုခရစ်တော်ကို အချိန်မီ ထည့်ကြစို့လား။ဒါဆိုရင် ခရစ် တော်မလာမှီ ငါတို့သေရင်လည်း ငါတို့ဟာ ခရစ်တော်နှင့် ဆိုင်တယ်။



ယခုပင် နှစ်သက်ဘွယ်သော အချိန်ရှိ၏။ယခုပင် ကယ်တင်ရာ နေ့ရက်ကာလ ရှိ၏။(၂ကော၆း၂)



နက်ဖြန်ဆိုတာ မသေချာဘူး။(သုတ္တံ၂၇း၁)



တွေ့နိုင်သည့် ကာလတွင် ထာဝရ ဘုရားကို ရှာကြလော့။(ဟေရှာ၅၅း၆)



ယခုနေ့ရက် ကာလသည် ဆိုးယုတ်သောကြေင့် ကာလအချိန်ကိုရွေး နှုတ်ကြလော့။(ဧဖက်၅း၁၆)



ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။(မဿဲ၁၃း၉၊၄၃)





ခရစ်တော်၏နာမတော်မြတ်၌

ဒေးဗစ်ချိုလင်းတန်း