Sunday, May 23, 2010

ကောင်းကင်နိုင်ငံရှိ အိမ်ကြီး



ကျွန်တော်(ဗျာ၂၁)ကိုဖတ်ကြည့်တဲ့အခါ ကောင်းကင်နိုင်ငံရှိ ယုံကြည်သူများနေရမယ့် အိမ်ကြီးအ ကြောင်း ဖော်ပြထားတာတွေ့ရပါသည်။တံခါးပေါက်၊အမြင့်ပေ၊အကျယ်အ၀န်း၊ဆောက်လုပ်မည့်ပစ္စည်းတွေ စသဖြင့် အသေးစိတ်ဖေါ်ပြထားတာတွေ့ရပါတယ်။ကျောက်ကောင်းကျောက်မြတ်တွေ၊ရွှေတွေနဲ့ဆောက်လုပ် တဲ့ အိမ်ကြီးဖြစ်ပါတယ်။ထိုမြို့မှာဗိမာန်တော်ဆိုတာမရှိပါ။လျှပ်စစ်မီးတွေ၊နေ၏အလင်းရောင်၊လ၏အလင်းရောင် အလိုမရှိဘူးတဲ့။ယေရှုဘုရားဟာ ထိုမြို့၏အလင်းရောင်ဖြစ်မယ်။ထိုအိမ်ကြီးမှာ အိုခြင်း၊နာခြင်း၊သေခြင်း လုံးဝ မရှိတော့ပါ။ခရစ်တော်ကို မိမိရဲ့ကယ်တင်ပိုင်ရှင် အဖြစ်လက်ခံ ယုံကြည်သူများရဲ့ ထာဝရနေရာ ဖြစ်တယ်။ အဲဒီအိမ်ကြီးမှာ လောဘ၊ဒေါသ၊မောဟ ဆိုတာမရှိတော့ပါ။ဝမ်းနည်းကြေကွဲခြင်း၊ငိုကြွေခြင်း၊ဆာလောင်မွတ် သိတ်ခြင်းမရှိတော့ပါ။(ဗျာ၂၁း၁)မှာ ယောဟန်မြင်ရတဲ့ ကောင်းကင်သစ်နှင့်မြေကြီးသစ်ဆိုတာ ထိုမြို့ပဲဖြစ် တယ်။


တချို့သောလူတွေဟာ ထိုမြို့ကိုရောက်တဲ့အခါ မျက်ရည်ကျပြီး ငိုကြွေးမယ်တဲ့။ဘာဖြစ်လို့လဲ..? ငါထင်တယ်....တချို့ကတော့ ကျွန်တော်မျိုးတောင်မှ ဒီလိုနေရာမျိုးမှာရောက်ရှိလာပါလားဆိုပြီး ငိုမယ်။ တချို့ကျတော့ ၀မ်းသာလွန်းလို့ငိုမယ်။တချို့ကျတော့ သူ့ဆွေမျိုးတွေ မရောက်လာလို့ ငိုမယ်။ဘာကြောင့်ပဲ ငိုငို ခရစ်တော်က (ဗျာ၇း၁၇။၂၁း၎)မှာ သူတို့မျက်ရည်ရှိသမျှ ကိုသုတ်ပေးမယ်တဲ့။


ကျွန်တော်ဘာကို သွားသတိရသလဲဆိုရင် ဟိုးတခါ ကျွန်တော်မြို့ကိုသွားတယ်။အစ်ကိုက အစ်ကိုကြီး ကို စာသွားပေးခိုင်းတယ်။အစ်ကိုကြီးရဲ့ကြမ်းပြင်ဟာ မှန်နှင့်တူတယ်။ကိုယ့်ရုပ်တောင်ပြန်မြင်ရတယ်။အဲဒီအိမ် မှာ ကျွန်တော်ဝင်ပြီး စာသွားပေးတယ်။ကျွန်တော့်ခြေရာတွေကြမ်းပြင်ပေါ်မှာ ထင်ကျန်နေတယ်။အိမ်ရှင်မက အုန်းခွံနဲ့ ကျွန်တော့်နောက်ကို လိုက်သုတ်တယ်။ဘယ်လောက်ရှက်စရာ ကောင်းသလဲ။ခုထိကျွန်တော်မမေ့ သေးဘူး။နောက်တခေါက် ကျွန်တော် အဲဒီအိမ်မှာ မ၀င်ရဲတော့ဘူး။ပြောချင်တာက အဲဒီအိမ်က လူတွေက ဆောက်ပြီး လူတွေနေတဲ့ အိမ်ပဲ။ဒါပေမယ့် ကျွန်တော် မ၀င်ရဲဘူး။(၂ကော၅း၁)ကိုကြည့်လိုက်ရင် ကောင်း ကင်နိုင်ငံရှိ အိမ်ကြီးဟာ လူရဲ့လက်နဲ့ဆောက်တဲ့ အိမ်မဟုတ်ဘူး။အဲဒီအိမ်ကြီးကို


စာဖတ်သူ...မိတ်ဆွေကြီး မြင် ယောင်ကြည့်ပါ။ဘယ်လောက်ပျော်စရာကောင်းမလဲ။ကျွန်တော့် ပုဇွန် ဦးနှောက် သေးသေးလေးနဲ့ တွေးကြည့် တယ်။ကျွန်တော်တွေးရင်းနဲ့ ကြက်သီးတောင် ထလာတယ်။အဲဒီအိမ်ကြီးနဲ့ ကျွန်တော် လုံးဝမထိုက်တန်ဘူး။ ကျွန်တော် လောကမှာတောင် အိမ်ကောင်းဆိုတာ မရှိဘူး။လောကမှာ ကျွန်တော် အလုပ်တွေပြီးရင် အဲဒီအိမ် ကြီးကိုသွာတော့မယ်။


(ယောဟန်၃း၃)မှာ တချို့လူတွေကတော့ ကောင်းကင်နိုင်ငံတော်ကို ရောက်ဖို့မပြောနဲ့။မြင်တောင် မြင်ကြမှာ မဟုတ်ဘူး။ခရစ်တော်ကိုငြင်းပယ်သူတို့ဟာ(ဗျာ၁၉း၂၀)မှာ ကန့်နှင့်လောင်သောမီးအိုင်၊(မဿဲ၂၅း ၄၁)မှာ ထာဝရ မီးအိုင် ကိုပဲသွားကြမှာ။စိတ်မကောင်းစရာပဲနော။


ဘယ်သူတွေက ကောင်းကင်နိုင်ငံကိုသွားကြမလဲ...?(ယောဟန်၁၄း၆)မှာ ယေရှုခရစ်တော်က ပြော ခဲ့တယ်။(ငါသည် လမ်းခရီးဖြစ်၏။ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ)။သိုးသူငယ် ၏ အသက်စာစောင်၌ စာရင်းဝင်သော သူ သာလျှင် ၀င်ရ၏။(ဗျာ၂၁း၂၇)


ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေ။(မဿဲ၁၃း၉၊၄၃)



ခရစ်တော်၏နာမတော်မြတ်၌

ဒေးဗစ်ချိုလင်းတန်း