Saturday, May 29, 2010

မေတ္တာ




တရုတ် သူဌေးကြီး တစ်ယောက်က ကမ္ဘာမှာ အလွန် နာမည်ကြီးတဲ့ ရုပ်ရှင်ကားကြီးတွေ
ကို ငွေကုန် ကြေးကျ ခံပြီး ၀ယ်ယူကြည့်ရှုတတ် သူဖြစ်သည်။မင်းသားက ဘယ်လောက်
တော်လို့၊ဇာတ်လမ်းရော ဘယ်လောက်ကောင်းလို့ ဒီလောက် နာမည်ကြီးတာလဲ ဆိုတာ
သိချင်တဲ့လူဖြစ်တယ်။သူသည် မိရိုးဖလာ တရုတ်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။

တစ်နေ့တော့ သူက ယေရှု...ယေရှု လို့လူအများပြောသံ ကိုကြားနေသည်။ဒီလောက် လူတွေ
ပြောတဲ့ ယေရှုက ဘယ်လိုလူစားမျိုးလဲ...ဆိုပြီး သူဈေးကိုသွားပြီး ယေရှု ဇာတ်လမ်း ကိုလိုက်ရှာ
ဝယ်ယူတယ်တဲ့။

အိမ်ကိုပြန်ရောက်တော့ ဒီနေ့တော့ ဒီလောက်နာမည် ကြီးတဲ့ ယေရှု ဇာတ်ကားဝယ်လာတယ်။
တွေ့ကြသေးတာပေါ့ ယေရှု ရယ် ဆိုပြီး ဇာတ်လမ်း စ ပြီးပြနေသည်။ကြည့်ရင်းကြည့်ရင်း ဇာတ်
လမ်းကဆုံးလာတယ်။ယေရှုက စစ်သားတွေ လာဖမ်းတယ်။ယေရှုက ပြန်မတုံ့ပြန်ဘူး။အညံ့ ခံခဲ့တယ်။

သူအလွန် စိတ်တိုတယ်။

ယေရှုက....
၁။၁၂နှစ်ပတ်လုံး အနာစွဲသောမိန်းမ ငယ်ကို ကျမ်းမာစေ သူ။မဿဲ၉း၂၀၊၂၂လု၈း၄၃၊၄၈

၂။လက်ခြေ သေသောသူကို ပြန်ကောင်းစေသူ။မဿဲ၉း၂၊၇

၃။စကား အ သောသူကိုပြန်ပြောစေပြီး၊နားပင်းသောသူကို ပြန်ကြားစေသူ။မာကု၇း၃၁၊၃၇

၎။မျက်စိကန်းသော သူကိုပြန်မြင်စေသူ။ယောဟန်၉း၁၊၇

၅။ငါးနှစ်ကောင်နှင့် မုန့်ငါးလုံးကို လူပေါင်းများစွာ ကျွေးနိုင်သူ။မဿဲ၁၄း၁၅၊၂၁၊၁၅း၃၂၊၃၈

၆။သဘောင်္သဖန်း ပင်ကို သွေ့ခြောက်စေသူ။မဿဲ၂၁း၁၈၊၂၂မာကု၁၁း၁၂၊၁၄

၇။လေမုန်တိုင်းကို ငြိမ်းစေသူ။မဿဲ၁၄း၂၅မာကု၆း၄၈၊၅၁

၈။သေပြီးသော လာဇရု ကို ပြန်ရှင်စေသူ။ယောဟန်၁၁း၁၊၄၄

ဒီလောက် နိမိတ်လက္ခဏာတွေကိုပြနိုင်သူက ဘာဖြစ်လို့ သူကို လာဖမ်းတဲ့ စစ်သားတွေကို
ပြန်မတုံ့ပြန်တာလဲ...ဆိုပြီး သူမကျေမနပ် ဖြစ်ခဲ့တယ်။ဒီလောက်ဈေး ကြီးကြီး နဲ့ဝယ်လာတာ
အလကားပဲ....တခြားကားဝယ်ရင် ပိုကောင်းသေးတယ် ဆိုပြီး သူစိတ်ညစ်တယ်။ဒီလိုမကျေနပ်
လို့လဲ သူအကြိမ်ကြိမ်ပြန်ကြည့်တယ်တဲ့။

နောက်ဆုံးတော့ သူတရုတ်လိုထိုးထားတဲ့အောက်က စာတမ်းတွေကို သေချာ ဖတ်တယ်။ဇာတ်လမ်း
ကို လည်း သေချာကြည့်တယ်။အခုတော့ သူသဘော ပေါက်သွားပြီ။

သြော်...ယေရှု....ယေရှုက.......သူဟာ မေတ္တာနဲ့ အလုပ်လုပ်တယ်။ဒါကြောင့်လည်း သူ့ရဲ့ရန်သူတွေ
ကို ရန်မတုံ့ပြန်ဘူး။ယေရှုက မေတ္တာနှင့် အလုပ်လုပ် တဲ့ အတွက် လူတွေက ယေရှု...ယေရှု လို့ ပြော
ကြတာကိုး....မေတ္တာ နှင့် အလုပ်လုပ် လို့ ဒီလောက် ကမ္ဘာပေါ်မှာ အောင်မြင် တာကိုး...ဆိုပြီး သူနား
လည် သဘော ပေါက်သွားပြီ........




၁။ချစ်သူတို့၊ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။၁ယော၎း၇

၂။ငါသည် လူဘာသာ စကားကို၎င်း၊ကောင်းကင်တမန်ဘာသာ စကားကို၎င်း၊ပြော နိုင်သော်လည်း
မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊တီးသံကိုသာ ပေးတတ်သောလင်းကွင်း ကဲ့
သို့၎င်းဖြစ်၏။၁ကော၁၃း၁

၃။ယခုတွင် ယုံကြည်ခြင်း၊မြှော်လင့်ခြင်း၊ချစ်ခြင်း၊ဤသုံးပါး တည်ရှိ၏။ဤသုံးပါးတို့တွင် ချစ်ခြင်း
မေတ္တာ သည် အမြတ်ဆုံးဖြစ်သတည်း။၁ကော၁၃း၁၃

၎။ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့် အမျှ ချစ်လော့။မဿဲ၁၉း၁၉

၅။အချင်းချင်း ချစ်ခြင်း မေတ္တာ မှ တပါးအဘယ်အကြွေးမျှ မတင်စေနှင့်။ရောမ၁၃း၈

၆။သင်တို့၏ရန် သူကို တို့ကို ချစ် လော့။မဿဲ၅း၄၄

၇။အဆိုးအားဖြင့် အရှုံးမခံနှင့်။အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။ရောမ၁၂း၂၁

၈။ချစ်ခြင်းမေတ္တာ ကိုမှီအောင် လိုက်ကြလော့။၁ကော၁၄း၁

မှတ်ချက်။ ။မလေးရှားတွင် သူငယ်ချင်းတစ်ယောက်က သူ့သူဌေးသက်သေ
ခံချက်ကို သူကသက်သေပြန်ခံတာ ကို ကိုးကားပြီး ရှည်လျှော် အောင်ပြန်ရေးပေးတာ
ဖြစ်တယ်။ပုံပြင်တော့ မဟုတ် ဘူးနော်။
ယေရှုပြ တဲ့ အံ့သြ ဘွယ်ရာတွေ အကုန်မရေးပေးဘူး။


ခရစ်တော်၏ အမှုတော်မြတ်၌
David Cho